အသက်အရွယ်ကြောင့်ဖြစ်ပေါ်တတ်တဲ့ စိတ်ဓာတ်ကျမှုကိုကာကွယ်နည်း

အသက်အရွယ်ကြောင့်ဖြစ်ပေါ်တတ်တဲ့-စိတ်ဓာတ်ကျမှုကိုကာကွယ်နည်း

မိတ်ဆွေတို့ရေ… အရွယ်ကြောင့်ဖြစ်ပေါ်တတ်တဲ့ စိတ်ဓာတ်ကျမှုကိုကာကွယ်နိုင်ဖို့အတွက် အသက်အရွယ်ကိုလိုက်ပြီး ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ ပြောင်းလဲမှုများ ဖြစ်ပေါ်တတ်ပါတယ်။ အသက်(၃၀) အရွယ်ရောက်လာရင်တော့ ဦးနှောက်အာရုံကြောတွေ၊ သွေးလည်ပတ်မှုအရာတွေက ဆုတ်ယုတ်တတ်ပါတယ်။

အသက်အရွယ်ရလာတဲ့အခါ စိတ်ကျရောဂါပုံစံတွေကတော့ အိပ်မပျော်ဖြစ်ခြင်း၊ အရိုးအဆစ်များကိုက်ခဲခြင်း၊ ကြွက်သားများနာကျင်ခြင်းတွေဖြစ်တတ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု၊ အာဟာရမျှတစွာစားသုံးမှုတွေကြောင့် သွေးတွင်းမှာ အဆီဓာတ်လျော့နည်းလာပြီး သွေးပေါင်ချိန်ပုံမှန်ဖြစ်လာခြင်းတွေက စိတ်ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်ပါတယ်။ စာရေးခြင်း၊ စာဖတ်ခြင်းနဲ့ အခြားလေ့လာစရာအသစ်များ၊ ဂိမ်းကစားခြင်းလို လုပ်ဆောင်မှုတွေက စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးပါတယ်။

လူအများနှင့်တွေ့ဆုံနေထိုင်ခြင်း၊ မိမိတတ်နိုင်သလောက်ပရဟိတအဖွဲ့အစည်းများမှာ ပါဝင်လှုပ်ရှားပေးခြင်းတွေကလည်း စိတ်ကျန်းမာရေးအတွက် များစွာအထောက်အကူပြုနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေက အရိုးသိပ်သည်းဆလျော့နည်းလာခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်းနှင့် အခြားကင်ဆာရောဂါများဖြစ်ပွားခြင်းကို ကာကွယ်ရန်အတွက် အထောက်အကူပြုပါတယ်။ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုတွေက အသိဥာဏ်စွမ်းအား၊ စိတ်ခွန်အားကိုထိန်းသိမ်းတိုးမြှင့်ပေးတဲ့အပြင် စိတ်ကစဥ့်ကလျားဖြစ်ခြင်းကိုပါ ကာကွယ်ပေးနိုင်တဲ့အတွက် စိတ်ကျရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်း၊ ကခုန်ခြင်းလိုမျိး လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် နှလုံးရောဂါဖြစ်ပွားနိုင်မှု၊ သွေးတွင်းအဆီဓါတ်ပါဝင်နှုန်းနဲ့ သွေးပေါင်ချိန်မြင့်တက်မှုတို့ကို လျော့ချပေးနိုင်ပါတယ်။ နောက်ပြီး ဦးနှောက်ကနေ အောက်ဆီဂျင်စီးဆင်းမှုနှုန်းတိုးမြင့်လာပြီး ကိုယ်လက်လှုပ်ရှားမှုတွေကို မြန်ဆန်သွက်လက်လာစေပါတယ်။ ဒီတော့ ကိုယ်လက်လေ့ကျင့်ခန်းတွေပြုလုပ်သင့်ပြီး အစားအစာကိုလည်း စနစ်ကျအောင်လို့ ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်သင့်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကင်းဝေးစေမယ့်အကြောင်းအရာလေးတွေကို မိတ်ဆွေတို့အတွက်ဝေမျှပေးလိုက်ပါတယ်။
#CityCare #StressHandle

© 2016 City Care. All Rights Reserved.

CITY CARE