ဆောင်းရာသီမှာ အသားအရေစိုပြေနည်း

301117(CityCare)

မိတ်ဆွေတို့ရေ… ဆောင်းရာသီမှာ အသားအရေစိုပြေအောင် ဒီနည်းလမ်းတွေလုပ်ကြည့်ရအောင်နော်
၁။ ဆောင်းရာသီမှာ အသားအရေခြောက်သွေ့မှုပိုဖြစ်တတ်သောကြောင့် အသားအရေစိုပြေပြီး ခန္ဓာကိုယ်ကိုရေဓာတ်ပြည့်ဝအောင် ရေများများသောက်ပေးသင့်ပါတယ်။
၂။ အသားအရေအရမ်းခြောက်သွေ့နေမယ်ဆိုရင်တော့ Omega – 3 သောက်သုံးပေးဖို့လိုပါတယ်။
၃။ အမြဲတမ်းရေနွေးသုံးလေ့မရှိသူအတွက်ကတော့ ဆောင်းရာသီရောက်မှ ရေနွေးနဲ့ရေချိုးမယ်ဆိုရင်တော့ အသားအရေကိုပိုမိုခြောက်သွေ့စေပြီး ယားယံလာတတ်တာကြောင့် သွေးပူလေ့ကျင့်ခန်းပြုလုပ်ပြီး ရေချိုးခြင်းကအကောင်းဆုံးပါပဲနော်။
၎။ ဆောင်းရာသီမှာ အသားအရေခြောက်သွေ့ပြီး ယားယံလာတတ်တာကြောင့် ပျော့ပျောင်းနူးညံ့လာစေရန် Vitamin E ပါတဲ့ဆပ်ပြာကိုဦးစားပေးရွေးချယ်ပေးရပါမယ်။
၅။ဆောင်းရာသီမှာခြေဖနောင့်ကွဲပြီး နာကျင်သည့်ဝေဒနာကို ခံစားရလေ့ရှိတာကြောင့် သံလွင်ဆီ၊ အလှဆီ၊ Moisturizer Lotion တစ်မျိုးမျိုးကို ခြေထောက်ကိုလိမ်းပေးပြီးနှိပ်နယ်ပေးသင့်ပါတယ်။
၆။ နှုတ်ခမ်းတွေက ဆောင်းရာသီမှာပိုမိုခြောက်သွေ့ပြီး၊ အဖတ်လန်တတ်တာကြောင့် နှုတ်ခမ်းအဆီ၊ သံလွင်ဆီများလိမ်းထားသင့်ပါတယ်နော်။ နှုတ်ခမ်းရှိဆဲလ်သေများဖယ်ရှားပြီး နှုတ်ခမ်းသားနူးညံ့စေရန် သွားပွတ်တံနုနုဖြင့်တစ်ပါတ်တစ်ကြိမ်ခန့် ညင်ညင်သာသာပွတ်တိုက်ပေးဖို့လိုပါတယ်။
၇။ ဆောင်းတွင်းမှာ နေရောင်ကာခရင်မ် (Sun cream) ကိုလည်း အပြင်ထွက်တိုင်း လိမ်းပေးသင့်ပါတယ်။ ကဲ… အပေါ်မှာပြောတဲ့အချက်တွေကို လုပ်ဖို့မမေ့ကြနဲ့နော်။ CityCare ရဲ့ facebook link (http://bit.ly/2jc8kNo) မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

© 2016 City Care. All Rights Reserved.

CITY CARE