ခြောက်သွေ့ပြီးအေးတဲ့ရာသီဥတုမှာ ဆံကေသာထိန်းသိမ်းနည်း

ခြောက်သွေ့ပြီးအေးတဲ့ရာသီဥတုမှာ-ဆံကေသာထိန်းသိမ်းနည်း

မိတ်ဆွေတို့ရေ… ခြောက်သွေ့ပြီးအေးတဲ့ရာသီဥတုမှာ ဆံကေသာကိုပိုပြီး ထိန်းသိမ်းဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ အေးမြတဲ့သဘာဝကြောင့် အစိုဓာတ်နဲ့ပျော့ပျောင်းမှုတွေဆုံးရှုံးသွားတတ်ပြီး ဖွာကြမ်းကြမ်းနဲ့ခြောက်သွေ့လာတာကြောင့် ဗောက်ထတတ်ပါတယ်။

ဗောက်ထခြင်းရဲ့အကျိုးဆက်တွေကတော့ ဆံပင်တွေကျွတ်ပြီး ဆံကေသာအလှအပ ပျက်စီးတတ်ပါတယ်။ ဒီတော့ ဆောင်းရာသီမှာ ဆံကေသာအလှအပ ထိန်းသိမ်းဖို့အတွက် အခုအချက်လေးတွေ သတိထားကြရအောင်နော်။

ရာသီဥတုအေးနေတဲ့အချိန်မှာ ရေနွေးနွေးလေးနဲ့ချိုးလိုက်ရင် နေထိုင်ကောင်းပေမယ့် ဆံကေသာကိုရေနွေးအသုံးပြုရင်တော့ ဖွာကြမ်းကြမ်းကြီးဖြစ်သွားတာ ကြုံဘူးမယ်ထင်တယ်နော်။ ဒါကြောင့် ရိုးရိုးရေအသုံးပြုမယ်ဆိုရင် ဆံပင်အားပိုမိုကျန်းမာလာစေပြီး တောက်ပြောင်စေပါတယ်။

နောက်ပြီး ဆောင်းရာသီမှာ ဆံပင်ပေါင်းဆေးကိုလည်း အသုံးပြုပေးသင့်ပါတယ်။ ပျက်စီးနေတဲ့ ဆံကေသာတွေ၊ အဖျားနှစ်ခွဖြစ်နေတာတွေ၊ ခြောက်သွေ့ကျိုးကြေနေတာတွေကို အစိုဓာတ်အများကြီးပါဝင်တဲ့ ပေါင်းဆေးမျိုးကို တစ်ပတ်တစ်ခါလောက် သုံးပေးသင့်ပါတယ်။ သဘာဝအသီးများဖြစ်တဲ့ ငှက်ပျောသီး၊ ရှားစောင်းလတ်ပတ် စတာတွေနဲ့လည်း ပေါင်းတင်ပေးလို့ရပါတယ်။

ဆံပင်အရမ်းခြောက်သွေ့နေတယ်လို့ ခံစားနေရရင်တော့ အုန်းဆီ ( ဒါမှမဟုတ်) သံလွင်ဆီ စတာတွေကို ဆံပင်အရင်းကနေ ဆံဖျားအထိလိမ်းကာ နှိပ်နယ်ပေးသင့်ပါတယ်။ အဲ့လိုနှိပ်နယ်ပေးမယ်ဆိုရင် ဗောက်ဖက်တွေဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် ဆံသားကိုအားဖြည့်ပေးပြီး သွေးလည်ပတ်စီးဆင်းမှုပါ ကောင်းမွန်စေတာကြောင့် ဆံပင်ကို ကျန်းမာသန်စွမ်းလှပစေနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ ဆံပင်အရင်းတွေက ခန္ဓာကိုယ်မှာရှိတဲ့  တခြားဆဲလ်တွေလို ကျန်းမာသန်စွမ်းနိုင်အောင် ရေဓာတ်ပြည့်ဝနေဖို့လိုပါတယ်။ ဒါကြောင့် ရေများများသောက်ပေးပြီး ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝနေအောင် ဂရုစိုက်ဖို့လိုပါတယ်။
#CityCare #HealtyLiving

© 2016 City Care. All Rights Reserved.

CITY CARE