ကျန်းမာသောကိုယ်ဝန်ဆောင်ဘဝ

31598680_188859265082999_3091221420449988608_n

ကိုယ်ဝန်ဆောင်နေစဉ်ချိန် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ နှစ်ခုလုံးအတွက်ကောင်းမွန်စွာ စောင့်ရှောက်သင့်တဲ့အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးကောင်းမွန်တဲ့ ကိုယ်ဝန်ဆောင်ဘ၀ကိုရရှိဖို့၊ မိမိ၏ရင်သွေးလေးကို ကျန်းမာရေးကောင်းမွန်စွာမွေးဖွားလာဖို့အတွက် သိသင့်သိထိုက်တဲ့ အချက်အလက်ကောင်းများအချို့ကိုဖော်ပြလိုက်ရပါတယ်။
နှစ်ယောက်စာစားပါ။ ကျန်းမာရေးနှင့်ညီညွှတ်စွာစားသုံးခြင်းဟာ ကိုယ်ဝန်ဆောင်ချိန်အတွက် အလွန်အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အနေနဲ့ ပရိုတင်း၊ သံဓါတ်နဲ့ ကယ်လ်ဆီယမ်ဓါတ်များကို ကိုယ်ဝန်မဆောင်ခင်ထက်ပိုမိုစားသုံးသင့်ပါတယ်။ ကယ်လိုရီများလည်း ပိုမိုလိုအပ်ပါတယ်။ မိမိစားသုံးလိုက်တဲ့ အစားအစာများဟာ ကလေးအာဟာရအတွက် အဓိကအရင်းမြစ် ဖြစ်ပါတယ်။ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးပါ။ ကိုယ်ဝန်ဆောင်ထားရပြီသိလျှင် ဆရာဝန်နှင့် ကိုယ်ဆောင်များ အတွက်လိုအပ်တဲ့ ကုသမှု့များကိုခံယူရပါမယ်။ ဆရာဝန်နဲ့ စောစီးစွာပြသခဲ့ပါက ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်တစ်ယောက် ဖြစ်ရန် ကောင်းမွန်တဲ့အကြံပြုချက်များကိုရရှိမှာဖြစ်ပါတယ်။
ထို့ပြင် လိုအပ်တဲ့ ကုသမှု့များနဲ့ အာထွာဆောင်းပြုလုပ်ချက်များပြုလုပ်ရန်အတွက် အချိန်များစွာရရှိမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှု့လျော့ကျဖို့ အတွက် လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာအလွန်အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင်လေ့ကျင့်ခန်းပြုလုပ်ခြင်း (သို့) အနည်းဆုံး ဆယ့်ငါးမိနစ်မှ မိနစ်နှစ်ဆယ်ခန့် အေးမြတဲ့နေရာ၊ အရိပ်ရတဲ့နေရာနဲ့ အိမ်ထဲတွင် နေ့စဉ်နေ့တိုင်းလမ်းလျှောက်ပေးပါ။ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ကိုယ်အလေးချိန်ကိုထိန်းညှိပေးပြီး သွေးလည်ပတ်မှု့ ကောင်းစေခြင်းနဲ့ ကောင်းမွန်စွာအိပ်ပျော်စေပါတယ်။။
နေလောင်ခရင်လိမ်းပါ။ ကိုယ်ဝန်စရှိလာတဲ့အခါမှာ အသားအရေကို နေရောင်နဲ့ထိတွေ့တဲ့အခါ ပျက်စီးလွယ်လာပြီး နေလောင်ခြင်းကိုလည်း အလွယ်တကူဖြစ်ပေါ်နိုင်ပါတယ်။ မျက်နှာပေါ်တွင်လည်း အစက်အပျောက်များ တစ်ခါတစ်ရံ ဖြစ်ပေါ်နိုင်ပါတယ်။ နေပူထဲကိုထွက်တဲ့အခါ SPF 30 နဲ့ အထက်ပါဝင်တဲ့ နေလောင်ခရင်ကိုအသုံးပြုပေးပြီး ဦးထုပ်နဲ့ မျက်မှန်ကိုတပ်ဆင်ပါ။ အရက်ဖြတ်ပါ။ ကိုယ်ဝန်ကိုမထိခိုက်အောင် ကိုယ်ဝန်ဆောင်စဉ် အရက်ပမာဏမည်မျှသောက်ခြင်းဆိုတာ လုံခြုံမှုရှိတယ်ဆိုတာ မည်သူမျှမသိနိုင်ပါ။ ဒါကြောင့်ကျွမ်းကျင်တဲ့ပညာရှင်များက ကိုယ်ဝန်ဆောင်နေစဉ် အချိန်အတွင်း အရက်သောက်သုံးခြင်းကို လုံးဝဖြတ်တောက်ရန်အကြံပြုထားပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ကာလအတွင်း အရက်သောက်သုံးခြင်းက ကလေးဆီကို သွေးကြောနဲ့ အချင်းမှတစ်ဆင့် လျှင်မြန်စွာ ရောက်ရှိပြီး ကလေးကို အန္တရာယ်ဖြစ်စေပါတယ်။ ကဖိန်းဓါတ်ကိုလျော့ချပါ။ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာနဲ့ အားဖြည့်အချိုရည်များဟာ လန်းဆန်းတက်ကြွစေတဲ့ ပစ္စည်းများဖြစ်ပါတယ်။ ကဖိန်းဓါတ် အလွန်များတဲ့အခါ သားလျှော ကိုယ်ဝန်ပျက်ခြင်းကို အဖြစ်များစေတတ်ပြီး ကိုယ်အလေးချိန်မပြည့်တဲ့ ကလေးကို မွေးဖွားနိုင်ချေများပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေ အထူးဂရုပြု လိုက်နာသင့်ပါတယ်။

© 2016 City Care. All Rights Reserved.

CITY CARE