ကျောက်ကပ်ပျက်စီးခြင်း၏ရှေ့ပြေးလက္ခဏာများ

kidney

မိတ်ဆွေတို့ရေ… လူအများစုကတော့ ကျောက်ကပ်ရောဂါဖြစ်တက်တြပြီး ကိုယ်တိုင်ကျောက်ကပ်ရောဂါဖြစ်နေတာကို သတိမထားမိဘူးနော်။ ကျောက်ကပ်ရောဂါဆိုတာကလည်း ချက်ချင်းလက္ခဏာမပြတတ်ဘဲ နောက်ဆုံးရောက်မှသာ ရောဂါလက္ခဏာကြီးကြီးမားမားပြတတ်ပါတယ်။ ကျောက်ကပ်ရောဂါရှိဖူးတဲ့လူက မိသားစုဝင်ထဲမှာရှိနေတာတွေ၊ သွေးတိုးဆီးချိုဖြစ်နေတဲ့သူတွေကတော့ နှစ်စဉ်ကျောက်ကပ်ရောဂါ စစ်ဆေးပေးသင့်ပါတယ်။
နောက်ပြီးတော့ ကျောက်ကပ်ရောဂါဖြစ်ပွားနေတယ်ဆိုရင်တော့ အခုလိုမျိုး လက္ခဏာတွေကို ခံစားရတက်ပြီး ကြိုတင်ကုသပေးသင့်ပါတယ်။ အသိသာဆုံးက ဆီးသွားချင်စိတ်တွေဖြစ်ပေါ်တက်တာပါ။ နောက်ပြီး ညဘက်တွေမှာဆိုရင်ဆီးသွားတဲ့အကြိမ်များလာပြီး ကျောက်ကပ်ပျက်စီးခြင်းရဲ့ ရှေ့ပြေးလက္ခဏာဖြစ်တာကြောင့် လျစ်လျူမရှုသင့်ဘူး။ ကျောက်ကပ်ရဲ့အဓိကလုပ်ငန်းတစ်ခုဖြစ်တဲ့ သွေးတွင်းရှိအညစ်အကြေး၊ အဆိပ်အတောက်များအား ဖယ်ရှားစစ်ထုတ်ပေးနိုင်စွမ်းတဲ့အားနည်းတဲ့အတွက် ဆီးထဲတွင်သွေးပါခြင်း၊ ဆီးအမြုပ်ထားတွေလည်းဖြစ်ပွားတတ်ပါတယ်။
ကျောက်ကပ်ရောဂါဖြစ်ရင် အရင်ထက်ပိုပြီးပင်ပန်းမှုတွေ ခံစားရရှိပါတယ်။ အဲ့ဒီလို့ဖြစ်ရခြင်းက ကျောက်ကပ်ရဲ့လုပ်နိုင်စွမ်းလျော့ကျသွားတဲ့အတွက် သွေးတွင်းရှိအညစ်အကြေးတွေကို ကောင်းမွန်စွာမစွန့်ထုတ်နိုင်တော့ဘဲ သွေးအားနည်းခြင်းများဖြစ်ပွားလာတက်ပါတယ်။ ဒါအပြင့်ကျောက်ကပ်က သွေးထဲကအဆိပ်အတောက်များကို ဆီးမှတဆင့် ကောင်းမွန်စွာ မစွန့်ထုတ်လုပ်နိုင်တဲ့အတွက် သွေးထဲတွင် အဆိပ်အတောက်အညစ်အကြေးများ ကျန်ရှိနေတတ်ပြီး အိပ်မပျော်များကိုလည်းခံစားရတတ်ပါတယ်။
နောက်တဆင့် အ၀လွန်ရောဂါလည်းဖြစ်ပွားလာတတ်ပြီး အရေပြားယားယံခြောက်သွေ့မှုများကိုလည်း ခံစားရတတ်ပါတယ်။ ကျောက်ကပ်သည် ကောင်းမွန်စွာအလုပ်မလုပ်နိုင်တော့ဘဲ ခန္ဓာကိုယ်ထဲတွင် အဆိပ်အတောက်များစုပုံကျတဲ့အတွက် သွေး၊ အရေပြားတွေ မသန့်တော့ပဲဖြစ်တက်ပါတယ်။
ကျောက်ကပ်ပျက်စီးသူတိုင်း ကြုံတော့ရမယ့် နောက်လက္ခဏာတစ်ခုကတော့ ခန္ဓာကိုယ် ဖောရောင်လာခြင်းဖြစ်ပါတယ်။ ကျောက်ကပ်သည် ခန္ဓာကိုယ်အတွင်းရှိမလိုအပ်တဲ့ အရည်များကို ဆီးအဖြစ်စွန့်ထုတ်ပေးပါတယ်။ ပျက်စီးနေတဲ့ ကျောက်ကပ်သည် အဲဒီလုပ်ငန်းဆောင်တာကို ကောင်းမွန်စွာမလုပ်နိုင်တော့ပဲ စွန့်ပစ်ရမယ့် ဆီးအငံဓာတ် ယူရစ်အက်ဆစ်အဖြစ် ဖောက်ပြန်ကာ ခြေဖမိုး၊ လက်ချောင်း၊ လက်ဖျံများ ရောင်ကိုင်းဖောသွပ်လာစေပါတယ်။
#CityCare #KidneyCare

© 2016 City Care. All Rights Reserved.

CITY CARE