နွေရာသီမှာ ကျန်းမာစွာနေထိုင်နည်း

to_be_healthy_in_summer

ကျန်းမာသောနွေရာသီဖြစ်စေဖို့ ပူပြင်းလှတဲ့နွေရာသီမှာ ကျန်းမာစွာနေထိုင်နိုင်ရန်အတွက် အောက်ပါအချက်လေးများကို လိုက်နာဂရုပြုသင့်ပေသည်။ ရေများများသောက်ပါ။ ပူပြင်းသောနွေရာသီကာလများတွင် ချွေးထွက်များကာ ရေဓါတ်ခမ်းခြောက်တတ်ပါတယ်။ ရေဓါတ်နည်းပါးခြင်းက ခန္ဓာကိုယ်ကိုထိခိုက်စေပြီး အမှန်တကယ် ဆာလောင်ခြင်းမရှိပဲ အစာစားခြင်းစိတ်ဖြစ်ပေါ်နေတတ်ပါတယ်။ ရေဓါတ်ပြည့်ဝ နေစေဖို့ တစ်နေ့လျှင်အနည်းဆုံး ရေဖန်ခွက် (၈)ခွက်မှ (၉)ခွက်အထိသောက်သုံးသင့်ပါတယ်။ ရေချည်းသက်သက်မသောက်ချင်ပါက အရသာရှိစေရန် အသီးများအချို့ကိုရောပြီးသောက်သုံး ပေးပါ (သို့) လက်ဖက်ရည်စိမ်း (သို့) အုန်းစိမ်းရေသောက်သုံးပေးသင့်ပါသည်။ နေလောင်ဒဏ်ခံလိမ်းဆေးအမြဲလိမ်းပေးပါ။ အသားအရေကို UV နေရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်ရန် အနည်းဆုံး SPF 30 ပါဝင်သော လိုးရှင်း (Lotion) ကိုလိမ်းပေးရန် အရေးကြီးပါသည်။ UV နေရောင်ခြည် အနည်းဆုံးဖြစ်စေရန် မနက်၁၀နာရီမှ ညနေ၄နာရီအတွင်း အတက်နိုင်ဆုံး နေပူထဲသို့မထွက်ပါနှင့်။ အကယ်၍ နေပူထဲသို့ အချိန်ကြာမြင့်စွာ ထွက်ရမည်ဆိုပါက နေလောင်ဒဏ်ခံလိမ်းဆေးကို နှစ်နာရီခြား (သို့) သုံးနာရီခြား မကြာခဏလိမ်းပေးရပါမည်။ မနက်စာစားပါ။ လူအများစုဟာ အပြင်မထွက်ခင် မနက်စာစားရန် မေ့နေတတ်ပါသည်။ မနက်ခင်းတိုင်းမှာ သင့်တင့်မျှတသော အာဟာရမရှိလျှင် ခန္ဓာကိုယ်ကို ပူပြင်းသောနွေရာသီ၏ နေရောင်ထဲတွင် ပင်ပန်းနွမ်းနယ်ဖျော့တော့စေပါသည်။ အစာခြေဖျက်မှုကိုကောင်းမွန်စေပြီး ကျန်းမာသော မနက်စာအဖြစ် ပရိုတင်းဓါတ်အများအပြားပါသော ကြက်ဥနှင့်ဂျုံများကို မနက်ခင်းတွင်စားသုံးပေးပါ။ သဘာဝအတိုင်းလတ်ဆတ်သောအရာများကိုစားသုံးပါ။ သဘာဝအတိုင်း လတ်ဆတ်သောရာသီပေါ်အသီးများ၊ ဟင်းသီးဟင်းရွက်များသည် အကောင်းဆုံးဖြစ်ပါသည်။ ရေသောက်ခြင်းနှင့် လတ်ဆတ်သောသစ်သီး၊ ဟင်းသီးဟင်းရွက်ဖျော်ရည်များ သောက်သုံးခြင်းဟာ နွေရာသီလှုပ်ရှားမှုများအတွက် အာဟာရဖြစ်စေပါသည်။

© 2016 City Care. All Rights Reserved.

CITY CARE